ကချင်ပါတီပေါင်းစည်းရေးမှာ USDP ပါတီနဲ့ မဟာမိတ်ပျက်ခဲ့တဲ့ UDPKS မနောတိုင်ပါတီ ပါဝင်လာ

ကချင်ပါတီများ နဲ့ ကချင်လူထု တွေ့ဆုံပွဲ၊ မဂျွယ်ခန်းမ၊ မြစ်ကြီးနားမြို့၊ ဧပြီ ၁၀၊ ၂၀၁၈

ကချင် ၃ ပါတီပေါင်းစည်းရန် ကြိုးပမ်းမှုနေရာမှာ အရင် USDP ကြံခိုင်ဖွံ့ဖြိုးရေးပါတီ နဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ UDPKS မနောတိုင်ပါတီကလည်း ပါဝင်လာပြီး အခုချိန် ၄ ပါတီ ပေါင်းစည်းလက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဧပြီ ၁၀ ရက်နေ့ မြစ်ကြီးနား မနောကွင်းမှာပြုလုပ်တဲ့ ကချင်ပါတီများနဲ့ ကချင်လူထု တွေ့ဆုံဆွေးနွေးပွဲမှာ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ (UDPKS) က ပါဝင်လာခဲ့ခြင်း ဖြစ်ပါတယ်။

UDPKS မနောတိုင်ပါတီ ဟာ USDP နဲ့ မဟာမိတ်အဖြစ် ၂၀၁၆ မှာ ပျက်ပယ်ခဲ့တာဖြစ်ဖြစ်ပါတယ်။

တကယ်တမ်း အဲဒီနေ့မှာ ပေါင်းစည်းထားတဲ့ ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP နှင့် ကချင်အမျိုးသားကွန်ကရက်ပါတီ KNC တို့က ၄င်းတို့ကြား သဘောတူထားပြီ ဖြစ်တဲ့ ပါတီ နာမည်သစ်နဲ့ အလံ၊ တံဆိပ်တို့ကို လူထု အတည်ပြုပေးရန် ရည်ရွယ်ခဲ့ပေမယ့် မဖြစ်နိုင်ခဲ့ပါဘူး။

ဒါ့ကြောင့် ပါတီ နာမည်သစ်၊ အလံ နဲ့ တံဆိပ် တွေကို အတည်ပြုပေးမယ့် ၁၇ ဦး အဖွဲ့တစ်ဖွဲ့ကိုလည်း အဲဒီနေ့မှာ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့မှာတော့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR က ဦးဆောင်မှာဖြစ်ပြီး ပါတီဝင်များ၊ အတတ်ပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ ကို ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ကချင်ပါတီများ ပေါင်းစည်းဖို့ ၂၀၁၄ ကတည်းက စတင်ကြိုးစားခဲ့တာဖြစ်ပေမယ့် ၂၀၁၈ ဇန်နဝါရီ ၁၃ ရက်နေ့မှာပဲ ၃ပါတီ ပေါင်းစည်းရန် သဘောတူခဲ့တာဖြစ်ပါတယ်။

လီဆူ ဒူလေးပါတီ နဲ့ လော်ဝေါ်ပါတီ တို့ကလည်း အခုချိန် ကချင်ပါတီ ပေါင်းစည်းရေးမှာ မပါဝင်နိုင်သေးကြောင်း ပြောဆိုထားပါတယ်။

အင်္ဂါနေ့ လူထုတွေ့ဆုံပွဲကိုတော့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ ဦးဆောင်မှုဖြင့် ကချင်မျိုးနွယ်စု အသီးအသီးမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest