တပ်မတော် ၏ Awng Lawt ထိုးစစ်ကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော် ပိတ်မိနေ

Awng Lawt, KIA's 2nd Brigade HQ in Danai township, Kachin State

မြန်မာစစ်တပ်က တနိုင်းမြို့နယ် အတွင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂) ဌာနချုပ် Awng Lawt ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင်း ၎င်းဒေသ ပြည်သူ ၂၀၀၀ ကျော်သည် တနိုင်းမြို့သို့ ဦးတည် ထွက်ပြေးလာချိန် လမ်းခရီးတွင် စစ်တပ်၏ တားဆီး ပိတ်ဆို့မှု ခံနေရကြောင်း သိရပါသည်။

ယမန်နေ့မှ စတင်ပြီး တိုက်ပွဲပြန်လည် ပြင်းထန်နေသည့် အတွက် Sut Ra၊ Sut Ring Yang ကျေးရွာများတွင် ပိတ်ဆို့နေသော စစ်ရှောင်ပြည်သူများကို ခေါ်ထုတ်နိုင်ရန် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ စုပေါင်းပြီး တနိုင်း ဒကစ မှူးထံသို့ သွားရောက် အကူညီတောင်ဆိုခဲ့သော်လည်း အဆင်မပြေခဲ့ကြောင်း စစ်ပြေးဒုက္ခသည်များကို ကူညီနေသော ဆရာ Mung Dan က ပြောပါသည်။

“တိုက်ပွဲက ကုန်းလမ်းဖြစ်နေတဲ့အတွက် မှော်အတွင်းပိတ်ဆို့နေတဲ့ ပြည်သူတွေကို ရေလမ်း စက်လှေတွေနဲ့ ခေါ်ထုတ်ဖို့ အကူအညီ သွားတောင်းခဲ့တယ်။ ဒါပေမယ့် တနိုင်း ဒကစ မှူးက ခွင့်ပြုချက် မပေးဘူး။ အာမခံချက်လည်း မပေးဘူး” ဟု ပြောပါသည်။

လွန်ခဲ့သည့်အပတ်အတွင်း အင်တာနက်လူမှုစာမျက်နာပေါ် ပျံနှံခဲ့သော တပ်မတော်အထိနာခဲ့သည့် တံတားညီနောင် တိုက်ပွဲ ဗီဒီယိုဖိုင်ကြောင့် ယခု ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုများလည်း ရှိနေပါသည်။

ယခုနှစ် ဖေဖော်ဝါရီလ တနိုင်း ပယင်းမှော် တိုက်ပွဲကြောင့် တနိုင်းမြို့သို့ ထွက်ပြေးလာသော စစ်ပြေး ပြည်သူ ၃၀၀၀ ကျော်ကို အစိုးရတပ်က Nam Gawn ကျေးရွာ၊ ပေါက်ဝ တွင် ပိတ်ဆို့ထားခဲ့ပါသည်။

ကချင်ပြည်နယ်အနှံ ရက်ပိုင်းအတွင်း တိုက်ပွဲ ပိုမိုပြင်းထန်လာပါသည်။ ဧပြီလ ၁၁ ရက်နေ့တွင်လည်း တပ်မတော်ဘက်မှ KIO လိုင်ဇာမြို့ဘက် ကို လက်နက်ကြီး ပစ်ခတ်ရာတွင် ငှက်ပျောသီး အထမ်းသမား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရှိခဲ့သည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest