မြန်မာ အစိုးရတပ် နှင့် KIA မူဆယ်မြို့နယ် တိုက်ပွဲကြောင့် ဒေသခံများ တိမ်းရှောင်

မြန်မာအစိုးရတပ်၊ ရှမ်းမြောက်
Share

ရှမ်းမြောက် မူဆယ်မြို့နယ် တီးမားကျေးရွာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၉) ဘက်ကို မြန်မာအစိုးရတပ် က မေလ (၉) ရက်နေ့ ထိုးစစ်ဆင်တိုက်ခိုက်လာ သဖြင့် အဆိုပါ ဒေသခံအချို့သည် ယခုချိန် မူဆယ်မြို့ နှင့် နီးစပ်ရာ ကျေးရွာများကို ထွက်ပြေး နေကြရကြောင်း သိရပါသည်။

ယမန်နေ့ ညနေ (၄)နာရီ ခန့် တွင် ၂ ဖက်တပ် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်များ ရွာအတွင်းကို ကျရောက် ပေါက်ကွဲမှု ရှိကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

“အဝေးကဘဲ ကြည့်တော့ ညနေ ၄ နာရီ လောက်ကစပြီး တိုက်ပွဲ ဖြစ်နေကြပြီ။ ရွာအတွင်းလည်း ဗုံး ကျလာတယ် လူတော့ မထိပါဘူး” ဟု ပြောသည်။

ယနေ့ မနက် နှစ်ဖက်တပ် ပစ်ခတ်မှု မရှိသော်လည်း တပ်မတော်ဘက်မှ စစ်အင်အား တိုးချဲ့မှု ရှိလာသည့်အတွက် စိုးရိမ်မိကြောင်း ဒေသခံများ ပြောပါသည်။

တီးမားရွာမှ ပြည်သူများသည် ဘုရားကျောင်းဝင်း အတွင်း စုဝေးနေကြရ ပြီး တချို့သည် မူဆယ်မြို့နှင့် အခြား နီးစပ်ရာများကို ထွက်ပြေး တိမ်းရှောင်နေကြပြီဖြစ်ပါသည်။

တပ်မတော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခံနေရသည့် KIA ဘက်မှ ရှမ်းမြောက် အခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကလည်း ဝန်းရံသွားမည်ဟု မေလ ၈ ရက်နေ့ ထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest