နှစ်နိုင်ငံ နယ်လုံ အရာရှိများ မတွေ့ဆုံမီ မုန်းကိုး ဈေးတန်းကြီး မီးလောင်

ဇွန် ၆ ရက် ည မီးလောင်မှုပြီးနောက် မုန်းကိုးမြို့ ဈေးတန်းကြီး ကို မြင်ရပုံ

ယခုအပတ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ရေးရာ လုံခြုံရေး အရာရှိများ မတွေ့ဆုံမီ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးမြို့ ဈေးတန်းကြီး ယမန်နေ့ ဇွန် ၆ ရက် ည ၁၁နာရီ ခန့် က မီးလောင် ပျက်စီးခဲ့သည်။

ယူနန်ပြည်နယ် ကူမင်းမြို့မှ တရုတ် နယ်စပ်ရေးရာ လုံခြုံရေးအရာရှိ နှင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ မြန်မာ နယ်စပ်ရေးရာ လုံခြုံရေး အရာရှိ တို့ မန်ဟိုင်း-မုန်းကိုး နယ်စပ်တွင် တွေ့ဆုံရန် ရှိသောကြောင့် ယမန်နေ့ ညနေပိုင်းမှ တရုတ်နယ်စပ်ဘက် လုံခြုံရေးတင်းကြပ်လာသည်။

ဈေးဆိုင် တိုက်တန်းများ မီးလောင်မှုကြောင့် ဈေးဆိုင်နှင့် စတိုးဆိုင်များ အားလုံးနီးပါး ပျက်စီးခဲ့ရကြောင်း ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောသည်။

June-6-Mongkoe-market-fire1.jpg

ယခုလို ညနက်ပိုင်း ထူးထူးခြားခြား မီးလောင်ရခြင်း အကြောင်းရင်း မသိရသေး သော်လည်း ဒေသခံများက ဒေသ ပြည်သူ့စစ်အဖွဲ့များ ပေါ် သံသယ ရှိနေကြသည်။

ပြည်သူ့စစ် အဖွဲ့အတွင်းနှင့် အဖွဲ့များကြား ဒေသတွင်း စီးပွားရေး အခွင့်အလမ်း ပြိုင်ဆိုင် လုယု လေ့ရှိသာကြောင့် ယမန်နှစ်ကလည်း အဖွဲ့ တစ်ဖွဲ့မှ မုန်းကိုး ဈေးတန်းဟောင်းကို မီးရှုရန် လျှို့ဝှက် ကြံစဉ်မှုအား လူထုမှ တားဆီး ခဲ့ဖူးကြောင်း ဒေသခံ တစ်ဦး ပြောပါသည်။

ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) မုန်းကိုးဒေသတွင် မြန်မာအစိုးရ သစ္စာခံ ပြည်သူ့စစ်အဖွဲ့အစည်း (၅)ဖွဲ့ကျော် ရှိပြီး တရားဝင် က ကွတ်ခိုင် ပြည်သူ့စစ် အဖွဲ့ နှင့် မုန်းကိုး ပြည်သူ့စစ် အဖွဲ့ တို့ဖြစ်သည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest