တရားမျှတရေး မြစ်ကြီးနား လူထုဆန္ဒပြပွဲ ဦးဆောင်သူ ၂ ဦး အမှုဖွင့် ခံရ

တရားမျှတရေး မြစ်ကြီးနား လူထုဆန္ဒပြပွဲ ဦးဆောင်သူ ၂ ဦး အမှုဖွင့် ခံရ
Share

မြစ်ကြီးနားမြို့နယ် တရားရုံး၏ တရားစီရင်မှုကို ရှုံချသော လူထုဆန္ဒပြပွဲအား ဦးဆောင်ခဲ့သော Shd. Lama San Awng (လမာဆန်အောင်) နှင့် Jan Lu San (ဒေါ်လုဆန်) တို့ ၂ ဦးကို မြို့နယ် ရဲတပ်ဖွဲ့မှ ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရပါသည်။

မြိုနယ်ရဲတပ်ဖွဲ့ ယာယီရဲမှူး မြင့်မိုး တရားစွဲဆိုထားခြင်း ဖြစ်ပြီး ဆန္ဒပြပွဲအတွင်း ခွင့်ပြုချက်မရဘဲ လော်စပီက၊ အင်္ဂလိပ်စာတမ်းပါ ပိုစတာများ၊ ကချင်အမျိုးသားအလံ အသုံးပြုမှုတို့ကြောင့် ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း တရားဆွဲခံရသူ Shd. Lama San Awng မှ ကချင်သတင်းဌာန KNG ယခုလို ရှင်းပြသည်။

“ဒါတွေ က ကျနော်တို့ အသုံးပြုမယ်ဆိုပြီး ကြိုပြီး ပြုလုပ်ထားတာ မရှိပါဘူး။ ပြည်သူတွေ သူတို့ဟာသူတို့ ယူလာပြီး ကိုင်ဆောင်တာ ဖြစ်တယ်။”

တိုက်ပွဲကြား ပိတ်မိနေသော စစ်ရှောင်များ လွတ်မြောက်ရေး ဧပြီ ၃၀မှ မေ ၈ ရက်ထိ မြစ်ကြီးနားမြို့ လူထုဆန္ဒဖော်ထုတ်ရာမှာ ဦးဆောင်ခဲ့သော Hkangkum Lum Zawng (လွမ်းဇောင်း)၊ Hkawn Zau Jat (ဇော်ဂျတ်) နှင့် Sara num Nbau Nang Pu (ဒေါ်နန်ပူ) တို့ ၃ ဦးကို မြို့နယ် တရားရုံးမှ တပ်မတော် အသေရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ် ၅သိန်း စီ ကို ဒီဇင်ဘာ ၇ ရက်နေ့ ချမှတ်ခဲ့ပါသည်။

ထိုသို့ မြို့နယ် တရားရုံး၏ စီရင်ချက်ချမှတ်မှုကို မကျေနပ်သဖြင့် လူထု ၅၀၀၀ ကျော် ဒီဇင်ဘာ ၁၁ ယမန်နေ့ မြစ်ကြီးနားမြို့တွင်း ဆန္ဒဖော်ထုတ်ကန့်ကွက်ရာ ဦးဆောင်သူ ၂ ဦးကို ယခုလို ထပ်မံ တရားစွဲဆိုခြင်း ဖြစ်ပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest